ပိုမိုတွင်ကျယ်လာမယ့် PPS နည်းပညာ
နည်းပညာအသစ်အသစ်တွေဟာ နေ့စဥ်နှင့်အမျှ တိုးတက်လာသလို ပိုမိုကောင်းမွန်လာပါတယ်။
ဖုန်းတွေအတွက်ဆို ယခင်က အားဝင်ဖို့အဓိကဆိုပြီး ကြုံရာ Chargerတွေနဲ့ သွင်းခဲ့ကြပေမယ့် ယခုအခါမှာတော့ ကိုယ့်ဖုန်းရဲ့ အကိုက်ညီဆုံးနဲ့ အားဝင်အမြန်ဆုံး Chargerကိုသာ ရွေးချယ်အသုံးပြုလာကြပါတယ်။
အားသွင်းစနစ်တွေဖြစ်တဲ့ Power Delivery (PD)နဲ့ Quick Charge (QC)တို့ကိုတော့ အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ကြမှာပါ။
PD 3.0ကို ထပ်မံအဆင်မြှင့်ထားတဲ့ Programmable Power Supply (PPS)ကိုတော့ 2017ခုနှစ်မှာ USB IFအဖွဲ့အစည်းမှ စတင်မိတ်ဆတ်ပေးခဲ့ပါတယ်။
PPSနည်းပညာကတော့ USB-C Deviceတွေရဲ့ အဆင့်မြင့် နည်းပညာပဲဖြစ်ပါတယ်။
PPSနည်းပညာကို အသုံးပြုထားတဲ့ Chargerဟာ တွဲဖက်အသုံးပြုမယ့် Deviceကို ဆယ်စက္ကန့်တိုင်းမှာ တခါ Data Exchangeလုပ်ပြီး လက်ခံတဲ့ Deviceရဲ့ Specifications အပေါ်မူတည်ပြီး လိုအပ်တဲ့ Voltageနှင့် Currentတို့ကို ညှိနှိုင်းမှု ပြုလုပ်ပါတယ်။
PPSရဲ့ အဓိက အားသာချက်ကတော့ အားသွင်းချိန်မှာ Convertion Lossကို လျှော့ချပေးတာမို့ အပူထွက်နှုန်းလျော့နည်းစေပြီး Laptop/Phoneတို့ရဲ့ သက်တမ်းကို ပိုကြာရှည်စေနိုင်ပါတယ်။
PPSကိုတော့ လက်ရှိမှာ Phoneတွေမှာဆိုရင် Samsung Flagship Phoneတွေမှာ တွင်ကျယ်စွာအသုံးပြုလျက်ရှိပြီး အချို့ Laptopတွေမှာလည်း PPSကို အသုံးပြုလျက်ရှိပါတယ်။
-----------------
#AUKEY_Myanmar
#PPS #PD #USBC #FastCharging