လူသိပ်မသိသေးတဲ့ APPLEရဲ့ MFi Chipတွေအကြောင်း

လူသိပ်မသိသေးတဲ့ APPLEရဲ့ MFi Chipတွေအကြောင်း

လူသိပ်မသိသေးတဲ့ APPLEရဲ့ MFi Chipတွေအကြောင်း 

APPLEမှနေပြီး MFi Programကို 2005မှာ စတင်ခဲ့ပါတယ်။ APPLEရဲ့ အဆင့်အတန်းကိုမှီတဲ့ အားသွင်းကြိုးတွေ ဖြစ်လာဖို့ဖြစ်ပါတယ်။ 

MFi Programမှာပါဝင်တဲ့ APPLEရဲ့ Chipလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
---
C48 Chip
C48 Chipကတော့ USB A to Lightning Cableတွေအတွက် Chipပဲဖြစ်ပါတယ်။
APPLEမှ လုံခြုံရေးကို ပိုမိုမြှင့်တင်ဖို့အတွက် ဒီ C48 Chipကို 2019ခုနှစ် Februaryမှာ ထုတ်လုပ်မှု ရပ်နားခဲ့ပါတယ်။
ဒါပေမယ့်လည်း APPLEရဲ့ အသိအမှတ်ပြု MFi Certified Chipဖြစ်တာမို့ iPhoneတွေနဲ့ iOSတွေမှ ဆက်လက်အသုံးပြုလို့ရနေဦးမှာဖြစ်ပါတယ်။
C48 Chipရဲ့ 8Pinအရောင်ကတော့ ရွှေရောင်ဖြစ်ပါတယ်။
----
C89 Chip
C89 Chipကတော့C48 Chipအနောက်မှာ ဆက်လက်ထွက်လာခဲ့တဲ့ Chipပဲဖြစ်ပါတယ်၊
C89 Chipကိုလည်း USB A to Lightning Cable တွေအတွက် အသုံးပြုပါတယ်။
APPLEရဲ့ MFi Certification Programအရ Upgradeလုပ်ထားတဲ့ Chipပဲဖြစ်ပါတယ်။
C89 Chipရဲ့ 8Pin အရောင်ကတော့ ငွေရောင်ဖြစ်သွားပါတယ်။
----
C94 Chip
C94 Chipကတော့ 18Wနှင့်အထက် Fast Charging Cableဖြစ်တဲ့ USB C to Lightning Cableတွေမှာသုံးတဲ့ Chipပဲဖြစ်ပါတယ်။ C94 Chipကတော့ C89 Chipနဲ့ပုံစံတူ ငွေရောင် 8Pin Connectorနဲ့ဖြစ်ပါတယ်။
----
C91 Chip
C91 Chipဟာလည်း C94 Chipကဲ့သို့ USB C to Lightning Cableအတွက်ပဲဖြစ်ပါတယ်။
APPLEရဲ့ Original USB C to Lightning Cableတွေမှာပဲ အသုံးပြုခဲ့ပြီး
နောက်ပိုင်းထွက်လာတဲ့ APPLE Original Cableတွေမှာတော့ C94 Chipကို ပြောင်းလဲအသုံးပြုလာကြပါတယ်။
----
Back to blog