ကိုယ့်ရဲ့ မရှိမဖြစ်လေး ကိုယ့်အနားမှာ ရေရှည်နေစေဖို့ဆိုရင်

ကိုယ့်ရဲ့ မရှိမဖြစ်လေး ကိုယ့်အနားမှာ ရေရှည်နေစေဖို့ဆိုရင်

ကိုယ့်ရဲ့ မရှိမဖြစ်လေး ကိုယ့်အနားမှာ ရေရှည်နေစေဖို့ဆိုရင် 

အခုလိုအချိန်မှာ မရှိမဖြစ်ဆိုတာတော့ Phoneတွေ Wi-Fi တွေ Laptopတွေအတွက် မရှိမဖြစ်သုံးရတဲ့
Power Bankလေးပဲပေါ့။ 

အစစအရာရာ စျေးတွေတက်နေတဲ့အခါကြီးမှာ
Power Bankတစ်လုံးတစ်လုံး ဝယ်ရတာလည်း မလွယ်ကူနေလှပါဘူး။ 
Fast Chargingရဖို့၊ Wireless Chargingရဖို့ Battery Capacityများဖို့ စျေးနှုန်းသင့်ဖို့ အားလုံးစဥ်းစားပြီးမှ
ရွေးချယ်ဝယ်ယူရတာပဲနော်။ 
သေချာရွေးချယ်ထားတဲ့ Power Bankလေးကိုလည်း မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်မှ Power Bankလေးကလည်း ကိုယ့်အနားမှာ အကြာကြီးနေမှာလေ။ 

ဒီနေ့မှာတော့ Adminက Power Bankလေးတွေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ 

Power Bankတွေရဲ့ Batteryသက်တမ်းက 3-4နှစ်အတွင်းရှိပြီး Batteryသက်တမ်းမကုန်ခင်မှာ Power Bankလေးမပျက်စီးသွားဖို့ဆိုရင် အောက်ပါအချက်လေးတွေကို သိထားသင့်ပါတယ်။

1️⃣Power Bankကို အားလွန်ကဲစွာ မသွင်းပါနဲ့။ 
-ညဘက်တစ်ညလုံး အားသွင်းထားတာ၊ Battery 100%ပြည့်နေတာတောင်မှ ဆက်သွင်းထားတာမျိုးက အခုလိုပူပြင်းတဲ့ နွေရာသီမှာ မီးဘေးအန္တရာယ် စိုးရိမ်ရသလို Power Bankရဲ့ Battery Lifeကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ Power Bankရဲ့ Battery 80%လောက်ဆိုရင် ဖြုတ်ပြီး အားသွင်းတာကို ရပ်လိုက်သင့်ပါတယ်။

2️⃣Power Bankကို သတ္တုတွေနဲ့ ကပ်မထားပါနဲ့။ 
-သင်သိပါသလား။ Metalတွေက Power Bankကို ထိခိုက်စေနိုင်တယ်ဆိုတာကို။
Power Bankနဲ့ သော့တွေတွဲထားတာမို့ Power Bankကို Metal Caseထဲ ထည့်ထားတာမျိုးကို ရှောင်ရှားသင့်ပါတယ်။

3️⃣Power Bankကို အပူလွန်တဲ့နေရာတွေ စိုထိုင်းမှုများတဲ့နေရာတွေမှာ မထားပါနဲ့။ 
-Batteryပစ္စည်းဖြစ်တာမို့ Power Bankကို နေပူထဲထားတာ အပူနဲ့ ကပ်နေတဲ့ နေရာတွေမှာထားတာကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် စိုထိုင်းမှုများတဲ့ နေရာတွေမှာလည်း Power Bankကို မထားသင့်ပါဘူး။

4️⃣Power Bankကို အားပုံမှန်သွင်းပြီးသုံးပေးပါ။ 
-Power Bankတွေမှ မဟုတ်ဘဲ Batteryပါဝင်တဲ့ Phone/Earbuds/Smart Watch ပစ္စည်းတွေတိုင်းက ပုံမှန် အားသွင်းပြီးအသုံးပြုသင့်ပါတယ်။ (Power Bankကို ဝယ်ပြီး သုံးတောင်သိပ်မသုံးဘူး Batteryက အားသိပ်မခံတော့ဘူးဆိုတာမျိုးဖြစ်နိုင်ပါတယ်။)
ဒါကြောင့် Power Bankတွေရဲ့ Battery Lifeကို စွဲဆန့်ချင်တယ်ဆိုရင်တော့ တစ်ပတ်တစ်ခါတော့ အားသွင်းပြီးအသုံးပြုသင့်ပါတယ်။

5️⃣Power Bankကို အားသွင်းရင်း သုံးခြင်း မပြုလုပ်ပါနဲ့။
-Phoneကို Power Bankနဲ့ အားသွင်းရင်း အသုံးပြုတာက Power Bankရဲ့ အတွင်းက Circuitတွေကို အလုပ်ပိုလုပ်စေတာမို့ ပိုပူလာပြီး Batteryထိခိုက်စေနိုင်ပါတယ်။

6️⃣Power Bankလေးကို ဂရုတစိုက် ကိုင်တွယ်ပါ။ 
-Power Bankတွေ ခဏခဏပြုတ်ကျတာ လွတ်ကျတာမျိုးက Power Bank အတွင်းက နုနယ်တဲ့ Circuitတွေကို ထိခိုက်စေတာမို့ ဂရုတစိုက် ကိုင်တွယ်သင့်ပါတယ်။

ဒီအချက်လေးတွေကို ဂရုစိုက်ပြီး ကိုယ့်ရဲ့ မရှိမဖြစ် Power Bankလေးကို ရေရှည်အသုံးခံအောင်ထိန်းသိမ်းလို့ရပြီနော်။
Back to blog