ဒါဆိုရင်တော့ Power Bankတစ်လုံးတော့ ယူသွားမှ ရမယ်လေ။
Power Bankတွေကို လေယာဥ်ပေါ်ပေးတင်ရဲ့လား။
-IATA (International Air Transport Association)ရဲ့ Power Bankတွေအတွက် စည်းမျဥ်းတွေအရတော့ Power Bankနဲ့ Spare Batteryတွေအကုန်လုံးကို
Carry-onအိတ်ထဲပဲ သယ်သွားရမှာဖြစ်ပြီး
Checked-in Luggageထဲ ထည့်သွားလို့မရပါဘူး။
-ကိုယ့်ရဲ့ Electronic Deviceတွေအကုန်လုံးကို Carry-on အိတ်ထဲသယ်သွားရင်တော့ အကောင်းဆုံးပါပဲ။
(တကယ်လို့များ Phone/ Laptopတွေကို Checked-in Luggageထဲ ထည့်ထားမယ်ဆိုရင်တောာ့ Powerပိတ်ထားဖို့ လိုပါတယ်။)
ဘယ်လောက် Capacity Power Bankတွေကို ခွင့်ပြုသလဲ။
- 100Whနှင့်အောက် Power Bankတွေကိုတော့ (အများဆုံး ၂လုံးထိ) Carry-on အိတ်ထဲမှာ သယ်ယူခွင့်ပြုပါတယ်။
- 101-160 Whအတွင်း Power Bankတွေကိုတော့ Air Lineမှ ကြိုတင်ခွင့်ပြုချက်တောင်းခံပြီး သယ်ယူနိုင်ပါတယ်။
- 160Whအထက် Power Bankတွေကိုတော့ လေယာဥ်ပေါ် သယ်ဆောင်ခွင့်မပြုပါဘူး။
-နောက်ပိုင်း Power Bankတွေမှာတော့ Power Bankရဲ့ Watt hour (Wh)တွေကို Specificationတွေမှာ ထည့်သွင်းရေးထားပါတယ်။
တကယ်လို့မပါဘူးဆိုရင်တော့ အောက်ပါပုံသေနည်းအတိုင်း အလွယ်တကူတွက်လို့ရပါတယ်။
Wh= (mAh x Volt) /1000
-Whကိုလိုချင်ရင်တော့ Power Bankရဲ့ mAhကို Voltနဲ့မြှောက်ပြီး 1000နဲ့ စားလိုက်ရင် ရပါတယ်။
ပုံမှန်အားဖြင့် 10000mAh / 20000mAh Power Bankတွေကိုတော့ လေယာဥ်ပေါ်မှာ သယ်ဆောင်သွားနိုင်ပါတယ်။
ဒါဆိုရင်တော့ ခရီးထွက်ကြမယ့် AUKEY Fanတို့လည်း
လေယာဥ်ပေါ်မှာ သယ်သွားလို့ရမယ့် Power Bankတွေအကြောင်းသေချာသိသွားပြီဆိုတော့
ပျော်ရွှင်စရာ ခရီးစဥ်လေးဖြစ်ကြပါစေနော်။