10000mAh Power Bankတစ်လုံးက ဖုန်းကို ဘာလို့နှစ်ခါအပြည့်သွင်းလို့ မရတာလဲ။

10000mAh Power Bankတစ်လုံးက ဖုန်းကို ဘာလို့နှစ်ခါအပြည့်သွင်းလို့ မရတာလဲ။

Power Bankတွေအကြောင်းမေးကြတဲ့အခါ အမေးအများဆုံးမေးခွန်းက ဖုန်းကို အားဘယ်နှကြိမ်သွင်းလို့ရလဲဆိုတာပါပဲ
--------------
ပုံမှန်ဖုန်းတစ်လုံးမှာ ပျမ်းမျှအားဖြင့် Battery Capacity 4000mAhနဲ့ 5000mAhကြားမှာရှိတတ်ကြပါတယ်။
အဲ့လိုသာဆိုရင် 10000mAh Power Bankတစ်လုံးက 4000mAh Batteryရှိတဲ့ဖုန်းတစ်လုံးကို အနည်းဆုံးတော့ ၂ခါအပြည့် အားပြန်သွင်းလို့ရနိုင်မလား။ 
-အဖြေကတော့
“မရနိုင်ပါဘူး”။ 
----------
ဘာဖြစ်လို့လဲ။
-Power Bankတွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ Lithium-ion Batteryဖြစ်ဖြစ်၊ Lithium-Polymer Batteryဖြစ်ဖြစ် 3.7Vအပေါ်မှာ အခြေခံထားပါတယ်။ ဒါပေမယ့် Power Bankတွေက ပြန်လည်အသုံးပြုရမယ့် USB ကတော့ 5Vဖြစ်ပါတယ်။
-Power Bankထဲက Batteryတွေရဲ့ 3.7Vကနေ USBအတွက် ပိုမြင့်တဲ့ 5Vကို ပြောင်းလဲဖို့ဆိုရင်တော့ mAhတွေကိုပါ Voltageအသစ်အဖြစ် ပြောင်းလဲရပါတယ်။
-အဲ့ဒီအခါမှာ Power Bankတွေမှာ ထည့်သွင်းဖော်ပြထားတဲ့ Battery Capacityတွေနဲ့ Power Bankတွေမှ 5V USB အတွက် အမှန်တကယ်ထောက်ပံ့ပေးတဲ့ Battery mAhတွေက စတင်ကွဲပြားသွားပါတယ်။
(ဥပမာ- 10000mAh Power Bankတစ်လုံးရဲ့ 5Vအတွက် အမှန်တကယ် ထောက်ပံ့ပေးတဲ့ Batteryက
(10000 x 3.7) /5 = 7400mAhဖြစ်ပြီး 20000mAhအတွက်ဆိုရင်တော့ 14800mAhပဲရှိပါတယ်။) 
-mAhဆုံးရှုံးမှုတွေက ဒါနဲ့တင်မပြီးသေးဘဲ 3.7Vမှ 5Vကို ပြောင်းလဲတဲ့အခါမှာ Conversion Lossအနေနဲ့ mAhအချို့ကို ထပ်ပြီး ဆုံးရှုံးလိုက်ရပါတယ်။ Power Bankရဲ့ အမျိုးအစားပေါ် မူတည်ပြီး Conversion Lossက 10%ဝန်းကျင်အထိ ရှိနိုင်ပါတယ်။
.....
ဒါကြောင့် 10000mAh Power Bankတွေဆိုရင် ပျှမ်းမျှအားဖြင့် 6000~7000mAhအထိသာ အမှန်တကယ်အသုံးပြုနိုင်တဲ့ Rated Capacityပါဝင်တာမို့ ပုံမှန် 4000mAh Batteryရှိတဲ့ ဖုန်းတစ်လုံးကို တစ်ခေါက်ကျော်ပဲ အားသွင်းနိုင်မှာဖြစ်ပါတယ်။
.....
Admin’s Tip
Power Bankတွေ ဝယ်တဲ့အခါ ကိုယ့်ဖုန်းကို အားဘယ်နှခါသွင်းလို့ရလောက်လဲသိချင်ရင်တော့
ကြော်ငြာထားတဲ့ Battery Capacityထဲကနေ 30%နှုတ်ပြီး ကိုယ့်ဖုန်းရဲ့ Battery Capacityနဲ့စားလိုက်ဖို့ Adminက အလွယ်နည်းလေးပေးချင်ပါတယ်။ 
---------------
Back to blog