Appleရဲ့ MagSafeဆိုတာ

Appleရဲ့ MagSafeဆိုတာ

Appleမှနေပြီး iPhone 12 Modelမှစပြီး Magsafeဆိုတဲ့ နည်းပညာအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။
Wireless Chargingတင်မကဘဲ Data Transferပါ သုံးလို့ရအောင်ပြုလုပ်ထားပြီး ဖုန်းမှာအလွယ်တကူကပ်ထားနိုင်အောင် သံလိုက်ကို အသုံးပြုထားပါတယ်။ 

Magsafeက ဘယ်လိုအလုပ်လုပ်သလဲ။
Magsafeမှာတော့ သံလိုက်နဲ့ အလုပ်လုပ်တဲ့ Cutting-edge Wire Coilကိုအသုံးပြုထားပြီး Qi-Wireless စနစ်ကိုလည်း ရရှိစေနိုင်မှာပါ။ ပုံမှန် Wireless Chargingထက်လည်း ပိုမြန်ပြီး သံလိုက်ကြောင့် ကော်နဲ့ကပ်ထားသလို ဖုန်းမှာ ကပ်နေမှာပဲဖြစ်ပါတယ်။ 

Magsafeနဲ့ ပုံမှန် Qi Wireless Chargingဘာကွာသလဲ။ 
Magsafeရဲ့ အဓိက အားသာချက်ကတော့ သူ့ရဲ့ ပိုမိုမြင့်မားတဲ့ Charging Capabilityပဲဖြစ်ပါတယ်။
Magsafeနဲ့ Qi Wireless Chargingက တူသယောင်ရှိပေမယ့်လည်း Qi Systemမှာဆိုရင် iPhoneအတွက်ကို 7.5Wသာရရှိမှာဖြစ်ပြီး Magsafeမှာဆိုရင်တော့ မြန်ဆန်တဲ့ 15W Chargingကိုရရှိနိုင်မှာပါ။

iPhone အတွက် ထွက်ရှိထားတဲ့ ပစ္စည်းတွေမှာပါတဲ့
Made for Magsafeနဲ့ Magsafe Compatible ဘာတွေကွာခြားသွားလဲ။

ဒီနှစ်ခုက ရုတ်တရက်ကြည့်ရင် တူတယ်လို့ ထင်ရပေမယ့်
Made for Magsafe လို့ပါတယ်ဆိုရင်တော့ အဆိုပါပစ္စည်းက Magsafeအတွက် သီးသန့်ထုတ်လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် Made for Magsafeလို့ ပါတယ်ဆိုရင်တော့ အဆင့်မြင့်တဲ့ Charging Capabilityပါတဲ့ ပစ္စည်းတစ်ခုဖြစ်မှာ သေချာနေပြီပဲဖြစ်ပါတယ်။

Magsafe Compatible လို့ပါတယ်ဆိုရင်တော့ အဆိုပါပစ္စည်းက Magsafeနဲ့ သင့်လျော်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။ Wireless Charger/ Wireless Power Bankတွေမှ မဟုတ်ဘဲ Magsafeရဲ့ သံလိုက်နဲ့ တွဲဖက်အသုံးပြုလို့ရတဲ့ Car Mountတွေလည်းဖြစ်နိုင်ပါတယ်။

Made for Magsafeလို့မရေးထားဘဲ Magsafe Compatibleလို့ပဲပါတဲ့ Charging ပစ္စည်းတွေဆိုရင်တော့
အားသွင်းတဲ့အခါ ဖုန်းကို သံလိုက်နဲ့ ကပ်နေပေမယ့် 15Wအပြည့်ရရှိမှာမဟုတ်ဘဲ ပုံမှန် Qi Systemလိုမျိုး 7.5Wအထိသာရရှိနိုင်မှာပဲဖြစ်ပါတယ်။ 

Magsafeက ဝယ်ရတာ တန်ရဲ့လား။ 
အလုပ်မရှုပ်ဘဲ ခပ်မိုက်မိုက် Accessoriesတွေ နောက်ဆုံးပေါ်ပစ္စည်းတွေကို ကြိုက်တယ်ဆိုရင်တော့ Magsafe Accessoriesလေးတွေ ရွေးချယ်သင့်ပါတယ်။
Back to blog