Earphoneတွေရဲ့ Sound Stageဆိုတာဘာလဲ

Earphoneတွေရဲ့ Sound Stageဆိုတာဘာလဲ

Earphoneတွေရဲ့ Sound Stageဆိုတာဘာလဲ 

Audiophilesတွေအတွက်တော့ Sound Stageဆိုတာ သိပြီးသားဖြစ်မှာပါ။ 
Earphoneတွေ Headphoneတွေအကြောင်းပြောကြတဲ့အခါ မပါမဖြစ်တဲ့ Sound Stageအကြောင်းကို Adminက ပြောပြပေးချင်ပါတယ်။ 

Stereo Earphone/ Headphoneတွေ အသုံးပြုပြီး သီချင်းနားထောင်တဲ့အခါမှာတော့
တူရိယာသံတွေက အနီးအဝေး အကွာအဝေးက သူ့နေရာနဲ့သူဖြစ်နေတာကို ခံစားရမှာပါ။
Soundstageဆိုတာ အကြမ်းအားဖြင့် Stereo Speakerစနစ်မှ Hi-Fi အသံထုတ်လွှင့်မှုမှ ဖြစ်ပေါ်လာတဲ့ စိတ်ကူးထဲက Three Dimensional Spaceကြီးပဲဖြစ်ပါတယ်။ 
တနည်းအားဖြင့် တေးဂီတတစ်ပုဒ်ကို နားဆင်တဲ့အခါမှာ တူရိယာသံတွေရဲ့ တည်နေရာကို ခံစားသိရှိအောင် Soundstageမှ လုပ်ဆောင်ပေးပါတယ်။ 

အသေးစိတ် Soundstageတွေကို ဘယ်လိုဖန်တီးမလဲ။
Soundstageကို သေချာခံစားရနိုင်ဖို့ သီချင်းစတင် ပြုလုပ်တဲ့အချိန်မှာ အသံသွင်းမှုက အရေးကြီးပါတယ်။
Close Miking/ Distant Miking/ Room Miking စတဲ့ Techniquesတွေကို အသုံးပြုပြီး အသံသွင်းကြပါတယ်။ 
အသံပိုကျယ်တဲ့ တူရိယာသံဟာ အနားမှာ တီးခက်သလို ခံစားရစေဖို့ ပဲ့တင်သံနဲ့ ဝိုးတဝါးသံတချို့ဟာ အဝေးမှာတီးခက်နေတယ် ခံစားရစေဖို့ ပြုလုပ်ဖန်တီးကြပါတယ်။ 

ဂီတကို သက်ဝင်ခံစားတဲ့သူများအတွက်တော့ Soundstageဟာ အရေးပါတဲ့နေရာမှာရှိနေပါတယ်။
နားကြပ်တပ်ပြီး Orchestral Musicတစ်ပုဒ်ကို နားဆင်တဲ့အခါမှာ
ကိုယ်တိုင်ကိုယ်ကျ တီးဝိုင်းရှေ့မှာ ရောက်နေပြီး တူရိယာတွေဟာ သူ့နေရာနဲ့သူ တီးခတ်နေကြတဲ့ ခံစားချက်မျိုးရရှိစေဖို့ Soundstageမှ လုပ်ဆောင်ပေးပါတယ်။ 

အရည်အသွေးမကောင်းလှတဲ့ နားကြပ် Headphoneတွေနဲ့ နားထောင်တဲ့အခါမျိုးမှာတော့
အကွာအဝေးကို မခံစားရဘဲ အသံဟာ နားကြပ်ထဲကနေပဲ တပြေးညီထွက်ပေါ်လာနေတတ်ပါတယ်။

Headphoneကောင်းကောင်းလေးနဲ့သာဆိုရင်တော့ Concertsတွေ မသွားတော့ဘဲ
Concertsတွေကို အိမ်မှာပဲ ခံစားရရှိနိုင်မှာဖြစ်ပါတယ်။ 
------------------
Back to blog