- လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုမတိုင်ခင်က ကျွန်တော်တို့အနေနဲ့ Smart Phoneတွေ၊ Laptop တွေ အားသွင်းတဲ့အခါမှာ အားပြည့်ဖို့ နာရီပေါင်းများစွာကြာအောင် စောင့်ခဲ့ဖူးကြမှာပါ။ အဲ့ဒါအပြင် Charger အပူလွန်ကဲတဲ့ ပြဿနာများစွာကိုလည်းတွေ့ကြုံရဖူးမှာပါ။ GaN Technology အနေနဲ့ အဲ့ဒါတွေအကုန်လုံးထက် ကောင်းမွန်တဲ့နည်းပညာတစ်ခုဖြစ်ကြောင်း ယနေ့ခေတ်မှာတော့ လက်ခံနေကြပြီဖြစ်ပါတယ်။
- GaN Technology ဟာ Gallium Nitrade ကို အခြေခံပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Silicon အစားထိုးဖြစ်ပါတယ်။ Silicon ၏ လျှပ်ကူးမှုစွမ်းဆောင်ရည်သည် အကန့်အသတ်ဖြင့်သာရှိတဲ့အတွက်ကြောင့် silicon အစား GaN Technology ကိုအစားထိုးလာကြပါတယ်။
- GaNFast ရဲ့ "GaN ဆိုတဲ့စကားလုံးသည် Gallium ဆိုတဲ့စကားလုံးကို ကိုယ်စားပြုပြီး "Fast" ဆိုတဲ့ စကားလုံးကတော့ အားသွင်းမြန်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။
- Navitas Semiconductors ရဲ့ ပြောရေးဆိုခွင့်ရှိသူ Graham Robertson အနေနဲ့ " Silicon ၏ စွမ်းဆောင်ရည်သည် အကန့်အသတ်ရောက်ရှိနေပြီဖြစ်တာကြောင့် ကျွန်ုပ်တို့အနေနဲ့ Gallium Nitrade ကိုထုတ်လုပ်ဖို့ ဒြပ်ထု ၃၁ ခု နှင့် ဒြပ်ပေါင်း ၇ခုတို့ကို ပေါင်းစပ်ထားတဲ့ GaN နည်းပညာကိုထုတ်လုပ်ခဲ့ပါတယ်ဆိုပြီး" ပြောကြားခဲ့ပါတယ်။
- GaN Tech ရဲ့နည်းပညာတွေကိုသုံးလိုက်မယ်ဆိုရင် Charger တွေရဲ့ Size ဟာ ၃၀ရာခိုင်နှုန်းသေးငယ်သွားမှာ
- ဖြစ်ပါတယ်။ Original Charger ထက် size ပိုသေးတဲ့အပြင်၊ ဈေးထက်ဝက်ခန့်လည်း သက်သာနိုင်ပါတယ်။ Size နဲ့ Weight က သေးငယ်သွားပေမယ့်လည်း Charging Speed အနေနဲ့ ၃ဆတောင်ပိုမြန်စေတဲ့ စွမ်းဆောင်ရည်ကိုရရှိစေဦးမှာပါ။
- Power Delivery ၊ Type-C အသုံးပြုထားတဲ့ Laptop ၊ Fast Charging Support ပါတဲ့ စမတ်ဖုန်း စတာတွေမှာ ကောင်းကောင်းကြီးအလုပ်လုပ်နိုင်တဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းပညာတစ်မျိုးပဲဖြစ်ပါတယ်။
GaN Technology အကြောင်းတစေ့တစောင်း
Share
GaN Technology အကြောင်းတစေ့တစောင်း