Kevlar Cableတွေကို ဘာကြောင့်အသုံးပြုသင့်သလဲ ...
Kevlar ဟာအလွန်သန်မာတဲ့ Heat- resistant synthetic fiber ဖြစ်ပြီး Modern magic material လို့တောင် တင်စားပြောဆိုကြပါတယ်။ ကျစ်လျစ်တဲ့ Kevlar fibers တွေဟာသန်မာပေမယ့် ပေါ့ပါးတဲ့အပြင် အခြား Plastic တွေလို အလွယ်တကူ အရည်မပျော်ဘဲ အပူချိန်ကို ခံနိုင်ရည်ရှိတယ်။ ဒီလိုအားကောင်းတဲ့ fiber ကို စတင်တီထွင်ခါစကတော့ ပြိုင်ကားနေရာတွေမှာသုံးမယ့် Steel နေရာမှာအစားထိုးအသုံးပြုခဲ့ကြပါတယ်တဲ့။ ဒါ့အပြင် တူညီတဲ့အလေးချိန်ရှိတဲ့ Steel နဲ့ Kevlar ကိုနှိုင်းယှဉ်တဲ့အခါ Kevlar က ၅ ဆပိုသန်မာတယ်လို့ ဆိုကြပါတယ်။
Chemical Resistant၊ Fire Resistant၊ Electrical Resistant တွေနဲ့ ပိုသန်မာပြီး တော်ရုံဆွေးမြေ့မှုမရှိတဲ့ Kevlar ဟာကြုံနိုင်ဆန့်နိုင်စွမ်းလဲမြင့်မားတဲ့အတွက် cable ကြိုးတွေထုတ်လုပ်ရာမှာ အသုံးပြုလာကြပါတယ်။
ဒါ့ကြောင့် သာမန်ကြိုးတွေထက် ပိုမို အကြမ်းခံပြီး သန်မာတဲ့ Kevlar Cableတွေဟာ တခြားကြိုးတွေနဲ့ ယှဥ်ရွေးရမယ်ဆိုရင် နံပါတ်တစ်ဖြစ်နေမှာပါ။
-------------------