Lithium Polymer Batteryတွေက Lithium-ion Batteryတွေထက် ဘာတွေပိုကောင်းလဲ။

Lithium Polymer Batteryတွေက Lithium-ion Batteryတွေထက် ဘာတွေပိုကောင်းလဲ။

Lithium Polymer Batteryတွေက Lithium-ion Batteryတွေထက် ဘာတွေပိုကောင်းလဲ။

အရင်တုန်းကတော့ Batteryဆိုရင် Lithium-Ion Batteryတွေကိုပဲ အသုံးပြုကြပေမယ့် နောက်ပိုင်းထွက်ရှိလာတဲ့ Phoneတွေ၊ Laptopတွေနဲ့ ကား Batteryတွေမှာတောင် Lithium-Polymer Batteryတွေကို ပြောင်းလဲအသုံးပြုလာကြပါတယ်။

Lithium-Polymer Batteryတွေက Lithium-Ion Battery တွေထက်ဘာတွေများပိုကောင်းမွန်သွားလဲ။

- သေချာတာတစ်ခုကတော့ Polymer Battery တွေဟာ Li-Ion Battery တွေထက် ထုတ်လုပ်မှုစရိတ်ပိုကုန်ပါတယ်။ စျေးပိုကြီးပါတယ်။

- အားသွင်းမြန်စနစ်တွေက အပူလွန်ကဲမှုကို အားပေးပါတယ်။ Lithium-Ion Battery တွေက လောင်ကျွမ်းမှုကိုအားပေးတာကြောင့် အားသွင်းမြန်စနစ်ကြောင့်အပူလွန်ကဲပြီး မီးလောင်ကျွမ်းစေနိုင်ပါတယ်။ Polymer Battery တွေက အပူလွန်ကဲမှုကို ခံနိုင်ရည်ရှိတာကြောင့် နောက်ပိုင်း အားသွင်းမြန်စနစ်ပါဝင်တဲ့ ပစ္စည်းတွေရဲ့ Battery တွေမှာ Polymer Battery တွေကို စျေးကြီးပေမယ့်လည်း အသုံးပြုကြပါတယ်။

- Polymer တွေကို Li-Ion တွေထက်ပိုပြီး ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံနဲ့ ထုတ်လုပ်နိုင်ပါတယ်။

- Polymer Batteryတွေက Li-Ion batteryတွေနဲ့ယှဥ်ရင် ပိုပြီးအကြမ်းခံနိုင်ပါတယ်။ သူ့ရဲ့ ခိုင်ခံ့တဲ့ Design တည်ဆောက်ပုံကလည်း ယိုစိမ့်မှုဖြစ်ခြင်းတွေကို လျော့ကျစေပါတယ်။

- Polymer Battery တွေက အလေးချိန်နည်းတဲ့အတွက် သယ်ယူရတာ ပေ့ါပါးပါတယ်။

- Safety မှာ ယှဥ်မယ်ဆိုရင်လည်း Polymer Battery တွေရဲ့ Electrolyte ယိုစိမ့်မှုရာခိုင်နှုန်း ပိုနည်းတာကြောင့် လျှပ်စစ်အန္တရာယ်ပိုမိုစိတ်ချရပါတယ်။

AUKEY ရဲ့ Premium Power Bank Series ထဲက Basix Series တွေမှာဆိုရင် Lithium Polymer Battery ကို အသုံးပြုပေးထားပြီး 10000mAh, 20000mAh ဆိုပြီး အား(၂)မျိုးနဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။
Back to blog