MagSafeနည်းပညာကနေ လာတဲ့ Qi2 Wireless Chargingဆိုတာ
- နည်းပညာတွေ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ အားသွင်းစနစ်တွေကလည်း အဆင့်မြင့်သထက်မြင့်လာပါတယ်။ Qi2 Wireless Charging ကလည်း သူ့ရဲ့ အားသွင်းမြန်မှု၊ စွမ်းဆောင်ရည်နဲ့ ကျယ်ပြန့်တဲ့ လုပ်ဆောင်မှုတွေနဲ့ ယနေ့ခေတ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးလျက်ရှိပါတယ်။
- Wireless Power Consortium (WPC)မှ ထုတ်လုပ်ခဲ့တဲ့ Qi2 Wireless Charging စံနှုန်းကတော့ မူလ Qi Standardကို အဆင့်မြှင့်ထားတဲ့ စံနှုန်းတစ်ခုပဲဖြစ်ပါတယ်။ (Qi2 Wireless အကြောင်းဖတ်ရှုရန်- https://bit.ly/3V2wyMv)
- 2023အစောပိုင်းမှာ Appleရဲ့ MagSafeနည်းပညာကို မှီငြမ်းပြီး Qi2 နည်းပညာကို မိတ်ဆက်ခဲ့ပါတယ်။ သံလိုက်ကွင်း (Magnetic Ring)ကို အသုံးပြုပြီး Charging Coilကို တထပ်တည်းကွက်တိကပ်နိုင်အောင် ပြုလုပ်ခဲ့ပါတယ်။
- Qi2က ဘာတွေပိုကောင်းသွားသလဲ။
- မူလ Qiနည်းပညာနဲ့ မတူတာက Qi2မှာ Phone/Deviceမှာရှိတဲ့ Charging Coilနဲ့ ကွက်တိကျအောင်ပြုလုပ်ထားတာမို့ အားသွင်းမှုမှာ ပိုမိုမြန်ဆန်ကောင်းမွန်ပြီး အပူလွန်ကဲမှုမဖြစ်စေဖို့ ထိန်းချုပ်ပေးပါတယ်။
- ဖုန်းတွေကိုတင်မကဘဲ Tablet/Laptopနဲ့ Wearablesတွေကိုပါ ကြိုးမဲ့အားသွင်းနိုင်ဖို့အတွက် Qi2 Wireless Chargingမှာ လုပ်ဆောင်လာနိုင်ဖို့ရှိတာကြောင့် Tech Ecosyetemsကြီး တခုလုံးက Wireless Chargingနဲ့ ကြီးမားတဲ့ အရွေ့တခုဖြစ်လာမှာပါ။
- ယခင် Qiနည်းပညာနဲ့မတူဘဲ Qi2 Wireless Chargingက Adaptive Charging ဖြစ်တာမို့ အသုံးပြုမယ့် Deviceရဲ့ လိုအပ်တဲ့ Powerကို ထုတ်ပေးနိုင်ပြီး ပိုမိုစိတ်ချရတဲ့အပြင် စွမ်းဆောင်မှုမြင့်စေမှာပါ။ အနာဂတ်ရဲ့ Tech Accessoriesတွေနဲ့ အမြဲထိတွေ့နေရမယ့် နေ့စဥ်ဘဝနေထိုင်မှုမှာလည်း အချိန်ကုန်သက်သာပြီး ချောမွေ့နေစေဖို့ Qi2 Wireless Chargingက လုပ်ဆောင်ပေးပါလိမ့်မယ်။
----------------
AUKEYရှိ Qi2 Wireless Chargerများကို ကြည့်ရှုရန်- https://bit.ly/4bn0BnN #AUKEY_Myanmar #Wireless #Qi2 #WirelessCharger