Power Bank ဝယ်မယ်ဆို စဥ်းစားပြီးမှ ရွေးချယ်ရမယ့် အချက် (၅)ချက်
မီးတွေကလည်း ပျက်လိုက်လာလိုက်နဲ့
ဒီအချိန်ကြီးမှာတော့ Power Bankလေးတစ်လုံးကတော့ မရှိမဖြစ်ဆောင်ထားဖို့ လိုနေပါပြီ။
Power Bankတွေဝယ်တော့မယ်ဆို အရွေးမှန်ဖို့အတွက် ထည့်စဥ်းစားသင့်တဲ့ အချက် (၅)ချက်ကို ပြောပြပေးချင်ပါတယ်။
(၁) Power Bankက ဘယ် deviceတွေကို အားသွင်းနိုင်သလဲ။
နေ့စဥ် ဘဝမှာ အသုံးပြုနေတဲ့ Gadgetsတွေကလည်း များလှတာမို့ ကိုယ်ရဲ့ Device ဘယ် Deviceတွေကို အဓိကအားသွင်းချင်တာလဲဆိုတာကို ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။
Phone/ Tablet တွေအတွက်ပဲလား။ Laptopအတွက်ပါသွင်းချင်တာဆိုရင်တော့ လိုအပ်တဲ့ Power Outputရရှိနိုင်သလား။ Earbud/ Watchတွေအတွက် Low Current Chargingလိုအပ်တာလား။
နောက်ပိုင်း Modelအမြင့်ဖုန်းတွေအတွက်ဆိုရင်တော့ Wireless Charging/ Magsafeပါတဲ့ Power Bankလားဆိုတာကို သေချာကြည့်ပြီးမှ ရွေးချယ်သင့်ပါတယ်။
---
(၂) ဘယ်လောက် Charging Capacityလိုအပ်သလဲ။
Power Bankက ကိုယ့်ရဲ့ Deviceကို အားဘယ်နှကြိမ်ပြန်သွင်းနိုင်မလဲဆိုတာလည်း ကြည့်ပြီးရွေးချယ်သင့်ပါတယ်။
ပုံမှန် 4000mAh ဖုန်းတစ်လုံးကို 10000mAh Power Bankတစ်လုံးက တစ်ကြိမ်ခွဲလောက်အားသွင်းနိုင်မှာပဲဖြစ်ပါတယ်။ Flightနဲ့သွားမယ်ဆိုရင်တော့ 100Wh- 27000mAh Capacityထိပဲ သယ်လို့ရတာမို့ ခရီးသွားမယ့်သူဆိုရင်တော့ Capacityများတဲ့ Power Bankတွေကို ရှောင်ရှားသင့်ပါတယ်။
---
(၃) Power Bankကို အားပြန်သွင်းဖို့ ဘယ်လောက်ကြာသလဲ။
Power Bankတွေရဲ့ Capacityကိုကြည့်ပြီး အားပြန်သွင်းဖို့ ဘယ်လောက်ကြာသလဲကတော့ Power Bankရဲ့ Maximum Inputကို သေချာကြည့်ပြီး စဥ်းစားရမယ့်အချက်ပါပဲ။
20000mAh Power Bankတစ်လုံးက 18W Inputနဲ့ အားသွင်းမယ်ဆိုရင်တော့ 7နာရီကြာမြင့်နိုင်ပါတယ်။
ဒါပေမယ့် 60000mAh Power Bankတစ်လုံးက 18W Maximum Inputပဲပါမယ်ဆိုရင်တော့ တစ်ရက်လောက်ကြာသွားမှာပဲဖြစ်ပါတယ်။ Power Bankရဲ့ Capacityများလေ Maximum Inputများလေဖြစ်တဲ့ Power Bankတွေကိုသာ ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင့်ကို Power Bankကို အားပြန်သွင်းမယ့် Chargerကလည်း လိုအပ်တဲ့ Wattကို ပေးနိုင်တဲ့ Chargerဖြစ်မှပဲ အဆင်ပြေပါတယ်။
---
(၄) ဘယ် Charging Portကို လိုအပ်သလဲ။
နောက်ပိုင်းဖုန်းတွေဆို PD Fast Chargingဖြစ်လာတော့ Type C Output Power Bankတွေကို လိုလာပြီလေ။
Inputဆိုရင်လည်း Charging ပိုမြန်မယ့် Type C inputလား၊ Lightning Inputပါတာရွေးမလားဆိုပြီး Charging Portတွေကိုလည်း ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။
---
(၅) ကိုယ်သုံးမယ့် Amountနဲ့ ကိုက်ညီရဲ့လား။
ဒေါ်လာစျေးတွေကလည်း မိုးထိအောင်တက်တော့ ပစ္စည်းတွေကလည်း စျေးတွေတက်ကုန်ပြီ။
ဒီအချိန် ကိုယ်သုံးမယ့် Amountနဲ့ ကိုက်တဲ့ Power Bankလေး ရှာဝယ်ဖို့လည်း လိုပါသေးတယ်။
ဒါပေမယ့်လည်း အရည်အသွေးမကောင်းတာတွေ ဝယ်မိလို့ ကိုယ့်ဖုန်းပါ ထိသွားတဲ့အခါ ထပ်လိုက်ပြင်ရမယ့် စရိတ်စကတွေက ပိုထွက်မှာမို့ အရည်အသွေးကောင်း အာမခံပါတာတွေကို ရွေးချယ်ဖို့တော့ အကြံပေးချင်ပါတယ်။
---
ဒါဆိုရင်တော့ Power Bankတစ်လုံး ဝယ်တော့မယ်ဆိုရင် ကြိုတင်စဥ်းစားထားသင့်တဲ့အချက်(၅)ချက်ကို Adminက ပြောပြပြီးပြီဆိုတော့ မှန်ကန်တဲ့ Power Bankလေးတစ်လုံး အမြန်သာရွေးချက်လိုက်တော့နော်။
_________________________________