2008ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Qi Strandard ဟာ ယခုအခါမှာတော့ Smart Phone Tabletsတွေနဲ့ အခြား Devicesပေါင်း ၂၀၀ကျော်မှာ ပါဝင်နေပြီဖြစ်ပါတယ်။
Qiဆိုတာကတော့ တရုတ်စကားလုံး Chi(အသက်ဓာတ်)ဆိုတဲ့ စကားလုံးမှဆင်းသက်လာတာပဲဖြစ်ပါတယ်။
ဒီမှာတော့ Qiဟာ Inductive Chargingကိုအသုံးပြုပြီး ကြိုးမဲ့အားလဲလှယ် (တနည်းအားဖြင့် အားသွင်း) တဲ့ interface Standard တစ်ခုပဲဖြစ်ပါတယ်။
Qi Standard ပါဝင်တဲ့ ပစ္စည်းတွေရဲ့လုပ်ဆောင်ချက်ကတော့ Planar Coilကြားက Electromagnetic Inductionပေါ်မူတည်နေပါတယ်။
Qi Systemတစ်ခုမှာဆိုရင်တော့
Base Station- Power Source တစ်ခုနှင့်ဆက်သွယ်ပြီး Inductive Powerကိုထုတ်ပေးပါတယ်။ (ဥပမာ- Wireless Charger/ Wireless Power Bank)
Mobile Device- Base Stationမှပေးတဲ့ Inductive Powerကို ရယူပါတယ်။ (ဥပမာ- ဖုန်း၊ Earbuds၊ Watch)
Qi Systemနဲ့အားသွင်းဖို့ဆို ဘာတွေလိုအပ်သလဲ။
-အားထုတ်ပေးမယ့် Deviceနဲ့ လက်ခံမယ့် Deviceနှစ်ခုလုံးမှာ Qi Systemပါဝင်ရပါမယ်။
-Base Station (Wireless Charger, Power Bank,…)တွေဟာ များသောအားဖြင့် ပြင်ညီမျက်နှာပြင်ရှိကြပါတယ်။ အဆိုပါမျက်နှာပြင်ကိုတော့ Interface Surface လို့ခေါ်ပါတယ်။
-အဲ့ပေါ်ကနေမှ အားသွင်းမယ့် Mobile Deviceတွေကို Coilနဲ့ချိန်တင်လိုက်ရုံပါပဲ။
-တချို့ Base Stationတွေမှာတော့ ချိန်စရာမလိုအောင် Coilတွေကိုတစ်ခုထပ်ပိုပြီးထည့်သွင်းထားပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် ဖုန်းလေးတင်လိုက်ရုံနဲ့အားသွင်းနိုင်တဲ့ Power Bankတွေ Chargerတွေကတော့ လူနေမှုဘဝမှာ အထာကျနေမှာပါ။ ကြိုးတွေရှုပ်မနေဘဲ အလုပ်ရှုပ်လည်း သက်သာနေစေမှာ အသေအချာပဲဖြစ်ပါတယ်။