The Ultimate Power Bank Maintenance Guide

The Ultimate Power Bank Maintenance Guide

ယခုခေတ်အခါမှာ Power Bankဆိုတာက အိမ်တိုင်း လူတိုင်းနီးပါးမှာရှိကြမှာပါ။

ဖုန်းတွေကို အားသွင်းဖို့အတွက်သာမကဘဲ Wi-Fiအတွက်နဲ့ Laptopတွေ Electronics Accessories Gadgetsတွေကို သွင်းဖို့အတွက်ပါ မျိုးစုံအသုံးလိုလာပါတယ်။
ကုန်စျေးနှုန်းတွေကလည်း တရိတ်ရိတ် တက်လာတာဆိုတော့
Power Bankတစ်လုံးကို နှစ်သောင်းလောက်ကနေ သိန်းဂဏန်းထိ တန်ဖိုးထိ ရှိလာပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Power Bankတွေကို အချိန်ကြာကြာ အသုံးပြုနိုင်ဖို့အတွက်
Qualityကောင်းတဲ့ Power Bankဖြစ်ဖို့တင်မဟုတ်ဘဲ
အသုံးပြုသူကလည်း သေချာထိန်းသိမ်းထားဖို့တော့ လိုလာပါပြီ။

Power Bankတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကိုတော့
Adminက ဒီ Power Bank Maintenance Guideလေးမှာ ပြောပြပေးသွားပါမယ်။

*အပူချိန်မမြင့်စေဖို့ ဂရုစိုက်ပါ။*
  • Phoneနဲ့ အခြား Electronicပစ္စည်းတွေလိုပဲ Power Bankတွေဟာ အပူကြောက်ပါတယ်။
  • နေရောင်တိုက်ရိုက်ရတဲ့ နေရာတွေ အပူချိန်မြင့်တဲ့နေရာတွေမှာ Power Bankတွေကို (လုံးဝ) မထားသင့်ပါဘူး။
  • ပြင်ပအပူချိန်ကြောင့်ဖြစ်ဖြစ် Power Bankအတွင်းပိုင်းမှာဖြစ်ဖြစ် အပူလွန်ကဲတဲ့အခါ အတွင်းကအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပြီး ပိုဆိုးတဲ့အခြေအနေမျိုးမှာဆို ပေါက်ကွဲတဲ့အထိဖြစ်စေနိုင်ပါတယ်။
  • ဒါကြောင့် ကားပေါ်ကို Power Bankသယ်သွားတဲ့သူမျိုးဆိုရင် ကားပေါ်မှာ Power Bankမကျန်နေခဲ့ဖို့ ဂရုစိုက်သင့်ပါတယ်။

*စိုထိုင်းမှုများတဲ့ နေရာမှာ မထားပါနဲ့။ ရေမဝင်ပါစေနဲ့။*

  • Power Bankထဲကို ရေဝင်တဲ့အခါမှာ Short-Circuitဖြစ်နိုင်ပြီး အတွင်းပိုင်းအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တာမို့ Power Bankကို ရေမဝင်စေဖို့ ဂရုစိုက်သင့်ပါတယ်။

*အားသွင်းရင်း မသုံးပါနဲ့။*

  • Power Bankကို အားသွင်းရင်း ဖုန်း အသုံးပြုခြင်းကလည်း Power Bankမှာရော ဖုန်းမှာရော အပူချိန်မြင့်လာတတ်တာမို့ ရှောင်ရှားသင့်ပါတယ်။
  • ( Adminကို လာလာမေးတတ်ကြတဲ့ Power Bankထဲကို အားသွင်းနေရင်း တဖက်ကနေ ဖုန်းကို အားပြန်သွင်းလို့ရမလားဆိုတာလည်း မရပါဘူးနော်လို့။)

*Power Bankကို ဂရုစိုက် ကိုင်တွယ်ပေးပါ။*

  • Power Bankကို လက်ချော်ပြီး ပြုတ်ကျတာဖြစ်ဖြစ် စိတ်ဆိုးပြီးကောက်ပေါက်လိုက်တာဖြစ်ဖြစ် Power Bankမှာပါတဲ့ Circuit Boardနဲ့ အခြား ထိခိုက်လွယ်တဲ့ အစိတ်အပိုင်းတွေကို ထိခိုက်သွားစေနိုင်တာမို့ ပြုတ်မကျစေဖို့ ဂရုစိုက်သင့်ပါတယ်။

*အရည်အသွေးမြင့်တဲ့ Power Bankကိုသာ အသုံးပြုပါ။*

  • အရည်အသွေးမြင့်တဲ့ Power Bankတွေဟာ Power Bank Casingတွေကအစ စနစ်တကျပြုလုပ်ထားတာမို့ ကြာကြာအသုံးပြုချင်တာဆိုရင်တော့ အရည်အသွေးမြင့်တဲ့ Power Bankတွေကိုသာ အသုံးပြုသင့်ပါတယ်။


ဒီအချက်လေးတွေကတော့ Power Bankတွေကို ကြာရှည်အသုံးပြုလိုသူများအတွက် လွယ်ကူတဲ့ Tipsလေးတွေပဲဖြစ်ပါတယ်။
လုပ်ဆောင်ဖို့ လွယ်ကူတာမို့ ကိုယ့် Power Bankလေးကို ရေရှည်သုံးမယ်ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာမို့ မမေ့နဲ့နော်။

-----------------------------

#AUKEY_Myanmar
#PowerBank #Maintainence #Guide #Tips

Back to blog